တိုက်ရေယာဉ် ၁၀၃ (မောင်သော်က)

“ကဲ ကဲ ဗိုလ်စောဦးကစ ခင်ဗျားက လက်ဝဲလက်မကိုစုပ်၊ နောက် ဘယ်ဘက်ကစပြီး တစ်ယောက်စီ လက်ညှိုး၊ လက်ခလယ်နှင့် လက်သန်းကြွယ် ရတဲ့လူတွေက တစ်ချောင်းကို မျှစုပ်ကြကွာ၊ လက်ချောင်း မရတဲ့လူတွေက လက်ဝါးကို လျက်၊ ညာဖက် လက်မတော့ ကိုယ့်ဖို့ထားကြ”
သူတို့အားလုံးသည် ခွေးသာအုပ်မကြိး၏ နို့အုံကို ခွေးကလေးများ ဝိုင်းတွယ်စို့သည့် ပမာ ကျွန်တော့် လက်ချောင်းများကို တစ်ယောက်တစ်လှည့် ဝိုင်းလျှက်ကြသည်။ အားလုံး ကုန်စင်မှ ယာဖက်လက်မကို ကျွန်တော်စုပ်ရသည်။ ကျွန်တော့် လက်ချောင်းများနှင့် လက်ဝါးပြင်သည် ရေဆေးရန်ပင် မလိုတော့ပါ။ ခွေးလျက်သည်ကမှ အစအန ကြွင်းကျန်ကောင်း ကြွင်းကျန်ဦးမည်ဖြစ်၏။

တိုက်ရေယာဉ် ၁၀၃ (မောင်သော်က)

ကျွန်တော်သိတဲ့ အဖေ့အကြောင်း (အောင်မြိုင်သင်း) ရေးသားသော စာအုပ်ကို ဖတ်ပြီးသည့်နောက်တွင် ဗိုလ်ကြီး သော်က အကြောင်းသိချင်စိတ် ပြင်းပြလာသည်။ သူဘာတွေ ကြုံတွေ့ခဲ့ရသလဲ၊ ဘယ်လိုလူမျိုးလဲ ဆိုသည်ကို သိချင်စိတ်များ ပြင်းပလျက်ရှိရာ တိုက်ရေယာဉ် ၁၀၃ ကို ဖတ်ဖြစ်ခဲ့တယ်။

ပင်လယ်ထဲတွင် ရက်ပေါင်းများစွာ ရပ်တည်ရန် မည်သို့ကြိုးစားခဲ့ရသည်ကို ဖြစ်ရပ်မှန်အတိုင်းမြင်ရတာ ယုံတောင် မယုံနိုင်ဘူး (အံ့သြလွန်းလို့ပါ။ ကျွန်တော်ဆိုရင် သေမှာပဲ) မာယာများတဲ့ ပင်လယ်ပြင်ထက်မှာ ကိုသော်က တစ်ယောက် ဘယ်လို အသက်ရှင်ခဲ့တယ်။ သူနှင့်အတူ ပါလာတဲ့ ရဲဘောရဲဖက်တွေ ဘာတွေ ဖြစ်ကြလဲ။ ဘယ်လို ပြဿနာတွေကို ဘယ်လို ဖြေရှင်းခဲ့လဲ ဆိုတာကို တအံ့တသြနဲ့ ဖတ်ရမယ့် စာအုပ်တစ်အုပ် (ဖြစ်ရပ်မှန် တစ်ခု) ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ အဖြစ်အပျက်ထဲကို ရောက်ရှိခဲ့ပြီး လွန်ခဲ့သော နှစ် ၆၀ ကျော်က ဒီလို အချိန်မှာ မြန်မာ့ ပင်လယ် ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သော တိုက်ရေယာဉ် ၁၀၃ ရဲ့ ကံကြမ္မာကို မတွေးဝံ့ပဲ မှင်သက်နေခဲ့ မိတယ်။ ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်အဖြစ်နဲ့ ကျွန်တော်တို့ နှလုံးသားထဲမှာ စွဲသွားမယ့် စာအုပ်တစ်အုပ်ပဲ လို့ပြောရုံမှ တစ်ပါးဘာမှ မပြောနိုင်တော့ပါဘူး။

#Norman

(Zawgyi)

“ကဲ ကဲ ဗိုလ္ေစာဦးကစ ခင္ဗ်ားက လက္၀ဲလက္မကိုစုပ္၊ ေနာက္ ဘယ္ဘက္ကစၿပီး တစ္ေယာက္စီ လက္ညွိဳး၊ လက္ခလယ္ႏွင့္ လက္သန္းၾကြယ္ ရတဲ့လူေတြက တစ္ေခ်ာင္းကို မွ်စုပ္ၾကကြာ၊ လက္ေခ်ာင္း မရတဲ့လူေတြက လက္၀ါးကို လ်က္၊ ညာဖက္ လက္မေတာ့ ကိုယ့္ဖို႔ထားၾက”
သူတို႔အားလံုးသည္ ေခြးသာအုပ္မႀကိး၏ ႏို႔အံုကို ေခြးကေလးမ်ား ၀ိုင္းတြယ္စို႔သည့္ ပမာ ကၽြန္ေတာ့္ လက္ေခ်ာင္းမ်ားကို တစ္ေယာက္တစ္လွည့္ ၀ိုင္းလွ်က္ၾကသည္။ အားလံုး ကုန္စင္မွ ယာဖက္လက္မကို ကၽြန္ေတာ္စုပ္ရသည္။ ကၽြန္ေတာ့္ လက္ေခ်ာင္းမ်ားႏွင့္ လက္၀ါးျပင္သည္ ေရေဆးရန္ပင္ မလိုေတာ့ပါ။ ေခြးလ်က္သည္ကမွ အစအန ၾကြင္းက်န္ေကာင္း ၾကြင္းက်န္ဦးမည္ျဖစ္၏။

တိုက္ေရယာဥ္ ၁၀၃ (ေမာင္ေသာ္က)

ကၽြန္ေတာ္သိတဲ့ အေဖ့အေၾကာင္း (ေအာင္ၿမိဳင္သင္း) ေရးသားေသာ စာအုပ္ကို ဖတ္ၿပီးသည့္ေနာက္တြင္ ဗိုလ္ႀကီး ေသာ္က အေၾကာင္းသိခ်င္စိတ္ ျပင္းျပလာသည္။ သူဘာေတြ ၾကံဳေတြ႕ခဲ့ရသလဲ၊ ဘယ္လိုလူမ်ိဳးလဲ ဆိုသည္ကို သိခ်င္စိတ္မ်ား ျပင္းပလ်က္ရွိရာ တိုက္ေရယာဥ္ ၁၀၃ ကို ဖတ္ျဖစ္ခဲ့တယ္။

ပင္လယ္ထဲတြင္ ရက္ေပါင္းမ်ားစြာ ရပ္တည္ရန္ မည္သို႔ႀကိဳးစားခဲ့ရသည္ကို ျဖစ္ရပ္မွန္အတိုင္းျမင္ရတာ ယံုေတာင္ မယံုႏိုင္ဘူး (အံ့ၾသလြန္းလို႔ပါ။ ကၽြန္ေတာ္ဆိုရင္ ေသမွာပဲ) မာယာမ်ားတဲ့ ပင္လယ္ျပင္ထက္မွာ ကိုေသာ္က တစ္ေယာက္ ဘယ္လို အသက္ရွင္ခဲ့တယ္။ သူႏွင့္အတူ ပါလာတဲ့ ရဲေဘာရဲဖက္ေတြ ဘာေတြ ျဖစ္ၾကလဲ။ ဘယ္လို ျပႆနာေတြကို ဘယ္လို ေျဖရွင္းခဲ့လဲ ဆိုတာကို တအံ့တၾသနဲ႔ ဖတ္ရမယ့္ စာအုပ္တစ္အုပ္ (ျဖစ္ရပ္မွန္ တစ္ခု) ျဖစ္ပါတယ္။ 

ကၽြန္ေတာ့္ အေနနဲ႔ အျဖစ္အပ်က္ထဲကို ေရာက္ရွိခဲ့ၿပီး လြန္ခဲ့ေသာ ႏွစ္ ၆၀ ေက်ာ္က ဒီလို အခ်ိန္မွာ ျမန္မာ့ ပင္လယ္ ဆိပ္ကမ္းမွ ထြက္ခြာသြားခဲ့ေသာ တိုက္ေရယာဥ္ ၁၀၃ ရဲ႕ ကံၾကမၼာကို မေတြး၀ံ့ပဲ မွင္သက္ေနခဲ့ မိတယ္။ ဖတ္သင့္တဲ့ စာအုပ္ေကာင္း တစ္အုပ္အျဖစ္နဲ႔ ကၽြန္ေတာ္တို႔ ႏွလံုးသားထဲမွာ စြဲသြားမယ့္ စာအုပ္တစ္အုပ္ပဲ လို႔ေျပာရံုမွ တစ္ပါးဘာမွ မေျပာႏုိင္ေတာ့ပါဘူး။

#Norman

Comments