ကျွန်တော်သိတဲ့ အဖေ့အကြောင်း (အောင်မြိုင်သင်း)

အဲ့ဒီ အချိန်မှာ အဖေကလည်း ပြုံးပြုံးပြုံးပြုံးနဲ့ နားထောင်ရင်း သူနားလည်တဲ့ အစိတ်အပိုင်းတစ်ခုကို ဝင်ရှင်းပြ မလို့ လုပ်တဲ့ အချိန်မှာ “ကျွန်တော်သိတာက…” လို့ပြောရုံ ရှိသေးတယ်၊ ရုတ်တရက် သူတို့အားလုံးထဲက နာမည်အကြီးဆုံး စာရေးဆရာကြီးက ဒေါသတကြီးနဲ့ “မင်းစောက်ပါးစပ် ပိတ်ထားလိုက်စမ်း၊ စောက်စကား ဝင်မပြောနဲ့” ဆိုပြီး အားလုံးရှေ့မှာ လက်ညှိုးငေါက်ငေါက်ထိုးပြောချလိုက်ပြီး တစ်ခြားလူတွေကိုပဲ ဆက်စကားပြောစေခဲ့ပါတယ်။ ဒီရိုက်ချက်ဟာ သူ့ဘဝရဲ့ အပြင်းထန်ဆုံး ခံလိုက်ရတဲ့ ရိုက်ချက်ပါ။

ကျွန်တော်သိတဲ့ အဖေ့အကြောင်း (အောင်မြိုင်သင်း)

အောင်မြိုင်သင်းဆိုတာ အခြားလူတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ စာရေးဆရာကြီး အောင်သင်းရဲ့ သားပါပဲ။ ဆရာကြီး အောင်သင်းရဲ့ ဘဝအခြေအနေနဲ့ မှတ်မှတ်ရရ ဖြစ်စရာ အဖြစ်အပျက်တွေကို ပြန်ရေးထားတဲ့ စာအုပ်ပါ။ အထုပ္ပတ္တိကျမ်းကြီး ပြုစုနေတာ မဟုတ်သည့်အတွက်ကြောင့်ပဲ အဖြစ်အပျက်တွေက စနစ်တကျ မဟုတ်ပေမယ့် သားက အဖေကို ပြန်လည်လွမ်းဆွတ်တမ်းတသည့် အချိန်မျိုးတွင် အဖေ့အကြောင်းတွေးမိတာလေးတွေ ရေးချထားတဲ့ ပုံစံမျိုးပါ။

ဆရာအောင်သင်းရဲ့ စာအုပ်တွေကို ကြိုက်တဲ့ သူ့ Fan တွေလဲ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်သလို၊ အောင်သင်းကို နာမည်သာကြားဖူးပြီး သူရေးတဲ့ စာအုပ် တစ်ခါမှ မဖတ်ဖူးသည့် သူတွေလဲ ဖတ်သင့်တဲ့ စာအုပ်ပါပဲ။ ဆိုတော့ လူတစ်ယောက်အနေနဲ့ ဘယ်လို လောကဓံတွေကို ရင်ဆိုင်ရလဲ၊ “အောင်သင်းလဲ မင်းတို့လို (လူ)ပါပဲကွာ” ဆိုပြီး ဆရာကြီး ကိုယ်တိုင်လာပြောနေသလို နားထဲမှာ ကြားလာမိတယ်။

အောင်မြိုင်သင်းရဲ့ အရေးအသားတွေက ဒီစာအုပ်ထဲမှာ ပေါ့ပါးလန်းဆန်းနေတယ်။ အဖေ့အမွှေကို ဆက်ခံရရှိခဲ့တယ် လို့ပဲ ပြောရမလား အရေးအသား ပြေပြစ်သလို ဖတ်ရတာလဲ အရသာရှိတယ်။ ဆရာကြီး အကြောင်းတွေ ရေးထားလို့ ကောင်းခြင်းမျိုးမဟုတ်ပဲ သူကိုယ်တိုင် အရေးအသားတော်တော်သေသပ်တဲ့ လူမျိုးဖြစ်နေတယ်။ အဖေ စာရေးဆရာ ဖြစ်လို့ သား စာရေးဆရာတော့ မဖြစ်လာပါဘူး။ စာအုပ်ရဲ့ အစမှာ သူဟာ စာရေးဆရာ မဟုတ်ပါဘူး ဆိုပြီး ဝန်ခံထားသလို သူ့ကိုယ်သူ စာရိုက်သူ လို့ပဲ သုံးနှုန်းခဲ့ခြင်းကိုက အတော် အနှစ်ကျသည့် စိတ်ဓါတ်ဖြစ်နေတယ်ဗျာ။ ကျွန်တော်ကတော့ ဆရာကြီးအောင်သင်းရဲ့ ဖန် ဖြစ်တဲ့အတွက် ဒီစာအုပ်ကို တော်တော်ကြိုက်ပါတယ်။ ကျန်တဲ့လူဆိုရင်တော့ မပြောတတ်ပါဘူး။

#Norman

(Zawgyi)

အဲ့ဒီ အခ်ိန္မွာ အေဖကလည္း ျပံဳးျပံဳးျပံဳးျပံဳးနဲ႔ နားေထာင္ရင္း သူနားလည္တဲ့ အစိတ္အပိုင္းတစ္ခုကို ၀င္ရွင္းျပ မလို႔ လုပ္တဲ့ အခ်ိန္မွာ “ကၽြန္ေတာ္သိတာက…” လို႔ေျပာရံု ရွိေသးတယ္၊ ရုတ္တရက္ သူတို႔အားလံုးထဲက နာမည္အႀကီးဆံုး စာေရးဆရာႀကီးက ေဒါသတႀကီးနဲ႔ “မင္းေစာက္ပါးစပ္ ပိတ္ထားလိုက္စမ္း၊ ေစာက္စကား ၀င္မေျပာနဲ႔” ဆိုၿပီး အားလံုးေရွ႕မွာ လက္ညိွဳးေငါက္ေငါက္ထိုးေျပာခ်လိုက္ၿပီး တစ္ျခားလူေတြကိုပဲ ဆက္စကားေျပာေစခဲ့ပါတယ္။ ဒီရိုက္ခ်က္ဟာ သူ႔ဘ၀ရဲ႕ အျပင္းထန္ဆံုး ခံလိုက္ရတဲ့ ရိုက္ခ်က္ပါ။

ကၽြန္ေတာ္သိတဲ့ အေဖ့အေၾကာင္း (ေအာင္ၿမိဳင္သင္း)

ေအာင္ၿမိဳင္သင္းဆိုတာ အျခားလူေတာ့ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ စာေရးဆရာႀကီး ေအာင္သင္းရဲ႕ သားပါပဲ။ ဆရာႀကီး ေအာင္သင္းရဲ႕ ဘ၀အေျခအေနနဲ႔ မွတ္မွတ္ရရ ျဖစ္စရာ အျဖစ္အပ်က္ေတြကို ျပန္ေရးထားတဲ့ စာအုပ္ပါ။ အထုပၸတၱိက်မ္းႀကီး ျပဳစုေနတာ မဟုတ္သည့္အတြက္ေၾကာင့္ပဲ အျဖစ္အပ်က္ေတြက စနစ္တက် မဟုတ္ေပမယ့္ သားက အေဖကို ျပန္လည္လြမ္းဆြတ္တမ္းတသည့္ အခ်ိန္မ်ိဳးတြင္ အေဖ့အေၾကာင္းေတြးမိတာေလးေတြ ေရးခ်ထားတဲ့ ပံုစံမ်ိဳးပါ။

ဆရာေအာင္သင္းရဲ႕ စာအုပ္ေတြကိ္ု ႀကိဳက္တဲ့ သူ႔ Fan ေတြလဲ မျဖစ္မေန ဖတ္သင့္တဲ့ စာအုပ္တစ္အုပ္ျဖစ္သလို၊ ေအာင္သင္းကို နာမည္သာၾကားဖူးၿပီး သူေရးတဲ့ စာအုပ္ တစ္ခါမွ မဖတ္ဖူးသည့္ သူေတြလဲ ဖတ္သင့္တဲ့ စာအုပ္ပါပဲ။ ဆိုေတာ့ လူတစ္ေယာက္အေနနဲ႔ ဘယ္လို ေလာကဓံေတြကို ရင္ဆိုင္ရလဲ၊ “ေအာင္သင္းလဲ မင္းတို႔လို (လူ)ပါပဲကြာ” ဆိုၿပီး ဆရာႀကီး ကိုယ္တိုင္လာေျပာေနသလို နားထဲမွာ ၾကားလာမိတယ္။

ေအာင္ၿမိဳင္သင္းရဲ႕ အေရးအသားေတြက ဒီစာအုပ္ထဲမွာ ေပါ့ပါးလန္းဆန္းေနတယ္။ အေဖ့အေမႊကို ဆက္ခံရရွိခဲ့တယ္ လို႔ပဲ ေျပာရမလား အေရးအသား ေျပျပစ္သလို ဖတ္ရတာလဲ အရသာရွိတယ္။ ဆရာႀကီး အေၾကာင္းေတြ ေရးထားလို႔ ေကာင္းျခင္းမ်ိဳးမဟုတ္ပဲ သူကိုယ္တိုင္ အေရးအသားေတာ္ေတာ္ေသသပ္တဲ့ လူမ်ိဳးျဖစ္ေနတယ္။ အေဖ စာေရးဆရာ ျဖစ္လို႔ သား စာေရးဆရာေတာ့ မျဖစ္လာပါဘူး။ စာအုပ္ရဲ႕ အစမွာ သူဟာ စာေရးဆရာ မဟုတ္ပါဘူး ဆိုၿပီး ၀န္ခံထားသလို သူ႔ကိုယ္သူ စာရိုက္သူ လို႔ပဲ သံုးႏႈန္းခဲ့ျခင္းကိုက အေတာ္ အႏွစ္က်သည့္ စိတ္ဓါတ္ျဖစ္ေနတယ္ဗ်ာ။ ကၽြန္ေတာ္ကေတာ့ ဆရာႀကီးေအာင္သင္းရဲ႕ ဖန္ ျဖစ္တဲ့အတြက္ ဒီစာအုပ္ကို ေတာ္ေတာ္ႀကိ္ဳက္ပါတယ္။ က်န္တဲ့လူဆိုရင္ေတာ့ မေျပာတတ္ပါဘူး။

#Norman

Comments