ဗျိုင်းမည်းနှင့် အခြားဝတ္ထုတိုများ (နေဝင်းမြင့်)
မပိုင် ပြောသလို ဆိုတော့လဲ ဟုတ်သလိုလို။ သည် စက်ရုံကြီး၊ သည်မိခင်ကြီး၏ ညံ့သက်သော၊ နွေးထွေးသော ရင်ခွင်မှသည် ပြင်ပလောကသို့ အဘလူမောင် ပြေးမထွက်ချင်သေး။ အတွေးများသည် ယခုအခါ အကြည်ဓါတ် ကင်းမဲ့လျက်ရှိသည်။ နေပူ၊ ဆီပူ ဒဏ်ကြောင့် မည်းနက်ပိန်လှီနေသော ကရုဏာလက်ချောင်းများသည် သား၏ ပညာရေးအတွက် ဆိုလျှင် ရွှေရည် ငွေရည်များပင် ထွက်အံ့နိုးနိုး။
ဗျိုင်းမည်းနှင့် အခြားဝတ္ထုတိုများမှ မှိုင်းပြာရောင် လွင်ပြင်ကို ဖြတ်သန်းခြင်း (နေဝင်းမြင့်)
ဒီစာအုပ်မှာ အရေးအကြီးဆုံး ဘဝရဲ့ အစိတ်အပိုင်းတွေ၊ ပြီးတော့ နောက်ထပ် ထပ်ဖြည့်ထားတဲ့ ဘဝ တန်ဖိုးတွေ… အကုန်လုံးကို ဝန်ထမ်းတစ်ယောက်ရဲ့ ဖြတ်သန်းပုံ၊ လူလတ်တန်းစား တွေနဲ့ သူဆင်းရဲတွေရဲ့ အတိတ်က နာကျင်ခြင်းတွေ အကုန် ရောယှက်ပြီး ပေါင်းစပ်ဖွဲ့စည်းထားတယ်။ ဝတ္ထုတို တစ်ပုဒ်ပြီးသွားတိုင်းမှာ ခင်ဗျားကိုယ်တိုင် သြော်… ဆိုပြီး သက်ပြင်းတစ်ခါချ မိလိမ့်မယ်။
တစ်ခါတစ်ခါ ဘဝကပဲ ခါးသလို၊ ပတ်ဝန်းကျင်တစ်ခုလုံး အလင်းမဲ့ နေသလို ခံစားရတဲ့ အခါဒီစာအုပ်ကို ဖတ်ပါ။ တစ်ဖြေဖြေးနဲ့ တစ်ခုခုကို နားလည်လာပြီး ခင်ဗျားမနေတဲ့ တစ်ခြား Dimension တစ်ခုဆီကို စာရေးဆရာက ခေါ်သွားလိမ့်မယ်။ ဒါက ဒီ ကမ္ဘာပေါ်မှာ… မြန်မာနိုင်ငံမှာ နေနေတဲ့ လူတစ်ယောက်အဖို့ သိသာတဲ့ ဘဝရသတွေနဲ့ မိုးမရွာတဲ့ တိမ်စိုင်တစ်ခု ကောင်းကင်မှာ ပျံသန်းနေသလိုပဲ ရွာတော့ မရွာဘူး။ ဒါပေမယ့် နေလဲ မသာပါဘူး ဆိုတဲ့ ရာသီဥတုတွေကို လျစ်လျှူရှုတတ်လာစေမှာပါ။
ကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ အပြင် ကျွန်တော်ပြောသလိုပဲ တစ်နေရာရာကို ခေါ်ယူခြင်းခံရမယ့် တံခါးတစ်ချက် အဲ့ဒါ ဗျိုင်းမည်းနှင့် အခြားဝတ္ထုတိုများ ပါပဲ။
#Norman

Comments
Post a Comment