ဇီတာ (အရိုး)

ရှက်နေရှာလိုက်တာ၊ ဣန္ဒြေကြီးလိုက်တဲ့ ကောင်မလေး။ ခြေဆုံး ခေါင်းဖျား ကောင်းကင်ပေါ်သွားတက်ပွင့်တဲ့ ပန်းလို လန်းဆန်းနေလိုက်တာ။ ဘယ်လိုအင်အားတွေ နဲ့များ လင်းနေလိုက်ပါလိမ့်။  ချစ်ခြင်းနဲ့ များလား...။

ဇီတာ (အရိုး)

ကျွန်တော်တို့ မြင်နေတွေ့နေကျ ဝတ္ထုတစ်ပုဒ်ထက်ကို ပိုတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ထူးထူးဆန်းဆန်း တွေ့လိုက်ရတယ်။ ကျွန်တော် မမျှော်လင့်ခဲ့သော ဇာတ်သိမ်းနဲ့ ဘာမှန်းမသိလိုက်သော အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုနဲ့အတူ အဆုံးထိ ပါသွားတယ်။ စာအုပ်ရဲ့ အစပိုင်း စာမျက်နှာတွေမှာ မြန်မာကားဆန်ဆန် သိပ်ကို မိုးကျရွှေကိုယ် ဖြစ်တဲ့ပုံစံမျိုး ခံစားရပေမယ့် တစ်ဖြေးဖြေးနဲ့ ပြောင်းလဲလာတယ်။ ပြောင်းလဲရင်း ပြောင်းလဲရင်း အငမ်းမရ လိုက်ရှာနေတုန်းမှာပဲ ဇာတ်လမ်းဟာ ပြီးသွားတယ်။ ကျွန်တော့်ရဲ့ အတွေးတွေလဲ ရပ်တန့်သွားတယ်။

အကောင်းဆုံး ဝတ္ထုတစ်ပုဒ်တော့ မဟုတ်ဘူး။ နဲနဲ အတွေးအခေါ်ဆန်တယ်။ ရုတ်တရက် ကြည့်လိုက်ရင် ရယ်ပြုံးနေတဲ့ လူတစ်ယောက်လို့ ထင်ရပေမယ့် အဲ့တာက မျက်နှာဖုံးကြီး။ ဆိုတော့ အေးအေးဆေးဆေး ဖတ်ရမယ့် စာအုပ်တစ်အုပ်။ ဒါပေမယ့် တစ်ထိုင်တည်း အပြီး ဖတ်ရမယ့် စာအုပ်။

#Norman

Comments